About Us

        Blog တစ်ခုဆောက်မယ် ဆောက်မယ်နဲ့စီစဉ်နေတာ ၁ နှစ်ကြာသွားတယ်။ ဖြစ်မလာဘူး။ ဒါနဲ့ မဖြစ်သေးပါဘူးဆို စိတ်ကို ပြင်ဆင်ပြီး (ဝေလသီချင်းလိုပေါ့ တော်ပြီကွာ အပျင်းကြီးလွန်းတဲ့စိတ်ဓာတ်တို့ စွန့်ပစ်လို့ ငါစာကြိုးစားတော့မယ်ပေါ့ 😀 ) Blogger.com မှာ Register လုပ်လိုက်တယ်။ ကဲ ခုကစ Post တင်တော့မယ်ပေါ့။ အားပါးတရ ရေးတော့မဟဆို နေ့ရွှေ့ညရွှေ့လာလိုက်တာ တစ်လ ထပ်ကြာသွားတယ်။ ခပ်ကွင်းပြင်တာနဲ့ ရွာသစ်ဆောက်ပြီးသွားပုံပြောပါတယ်။
        ကျွန်တော် ကွန်ပျူတာတက္ကသိုလ် စတက်ကတည်းက တစ်နေ့ငါ website တစ်ခုထောင်မယ်လို့ အိမ်မက်တစ်ခုရှိခဲ့ပါတယ်။ ခုတော့ အိမ်မက်ရဲ့ တစ်ပိုင်းလောက် တကယ်ဖြစ်လာခဲ့ပါပြီ။ ကျန်တဲ့အပိုင်းတွေ ဖြစ်တဲ့ Website ကို ကောင်းသည်ထက်ကောင်းအောင်၊ Post တွေကို ကောင်းမွန်သည်ထက်ကောင်းမွန်အောင် ခုကစ မပျင်းပဲ အပျင်းကြီးလွန်းတဲ့စိတ်ကို ပြင်ဆင်လို့ သေချာရေးပါတော့မယ်လို့..................
ESMyanmarGroup
ခေတ္တ ဂျပန်ပြည်