ဒီစာအုပ်မဖတ်ခင် ကျွန်တော် ဇာတ်ကားကြည့်ခဲ့ရပါတယ်။ တော်တော်ကို ကောင်းမွန်တဲ့ လှို့ဝှက်သည်းဖို ဇာတ်ကားကောင်းတစ်ခုပါပဲ။ ကိုမာဆိုတာ တကယ်ကို ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုပါ။ ကိုမာရဲ့ အဓိပ္ပာယ်က မေ့မြောခြင်း၊ ကာလရှည်ကြာစွာ သတိမေ့နေခြင်းစသဖြင့် ပြောလို့ရပါတယ်။ ကိုမာဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်း အမြောက်အများရှိပါတယ်။ ဦးခေါင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာရလို့ပဲဖြစ်ဖြစ်၊ အရက်အလွန်အကျွံသောက်လို့ပဲဖြစ်ဖြစ်၊ စသဖြင့် အမျိုးမျိုးသော အကြောင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ မိမိရဲ့ အပြစ်ကြောင့် (ဥပမာ-အရက်အလွန်အကျွံသောက်မိတာမျိုး) မဟုတ်ရင် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဖြည့်စွက်ပြောရရင် အကြောင်းကြောင့် အကျိုးဖြစ်၊ အတိတ်ကံပါလာလို့ဖြစ်တယ်လို့ပဲ ပြောရမှာပေါ့။ ထားပါ၊ ဘာကြောင့်ဖြစ်ဖြစ် တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်လို့
Myanmar Book Download ကနေ ပြန်လည်ကူးယူတင်ပြပေးလိုက်ပါတယ်။
ရေးသားသူ - နတ်နွယ်
စာမျက်နှာ -၅၈၄
အကြောင်းအရာ - ဘာသာပြန်၊ ဆေးပညာ၊ လှို့ဝှက်သည်းဖို
Download လုပ်ဖို့အတွက် ဖိုင်နှစ်ဖိုင်ပေးပါမယ်။ နှစ်ခုစလုံး အတူတူပါပဲ။ တစ်ခုက ဖိုင်ဆိုဒ်သေးတယ်။ ဒါပေမယ့် WinInnwa နဲ့ပဲ ဖတ်လို့ရမယ်။ ဖုန်းနဲ့ဖတ်မယ်ဆိုရင်တော့ အဆင်မပြေပါဘူး။
Download Coma With WinInnwa Font
Download WinInnwa Font
ဒီဖိုင်ကတော့ ဆိုဒ်နည်းနည်းကြီးတယ်။ ဒါပေမယ့် စက်တိုင်းမှာ ဖွင့်လို့ရပါတယ်။
Download Coma
Video ပဲ ကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်ပါ။ Youtube ကနေ ပြန် share ပေးလိုက်ပါတယ်။
0 comments:
Post a Comment