Saturday, October 21, 2017

Blog Tutorial For Beginner, Introduction (ဘလော့ သင်ခန်းစာများ) Video

အွန်လိုင်းဆိုတာ လူတွေအတွက် မရှိမဖြစ်လိုဖြစ်လာချိန်မှာ Blog တွေလဲ မှိုလိုပေါက်လာပါပြီ။ ယနေ့အချိန်မှာဆိုရင် Blog ပေါင်း တစ်သိန်းခုနှစ်သောင်းကျော်လောက် ရှိနေပါပြီ။ အဲ့ဒီထဲမှာ မြန်မာနိုင်ငံက Bloggers တွေလဲ ပါဝင်ပါတယ်။ နာမည်ကြီးတဲ့ နိုင်းနိုင်း(စနေ)၊ နေဘုန်းလတ်တို့ကိုတော့ လူတိုင်းသိကြမှာပါ။
တကယ်လို့ ကိုယ်ပိုင် Blog တစ်ခု ရေးသားတော့မယ်လို့ တွေးခဲ့မယ်ဆိုရင် အွန်လိုင်းမှာ Blog Tutorial တွေ အများကြီးရှိပါတယ်။ ရှာဖွေကြည့်ရှုနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ လေ့လာနေရတုန်းပါပဲ။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က Blog ကနေ Website တစ်ခုဖြစ်လာတဲ့အထိ ပြောင်းလဲဖို့ပါ။ ကျွန်တော် လေ့လာထားသမျှကို မြန်မာနိုင်ငံမှ Blog စတင်ရေးမဲ့ လူငယ်တွေအတွက် ကိုယ်တိုင် Tutorial Video တွေ ပြုလုပ်ပြီး ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ Video တွေကိုတော့ အခု ESMyanmar Blog နဲ့ Youtube မှာဆိုရင် ESMyanmar Group ဆိုပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။ Blog တစ်ခု စတင်တည်ဆောက်ပုံကနေ Website တစ်ခု ဖြစ်လာတဲ့အထိ အဆင့်ဆင့်ကို ပြန်လည်ရှင်းပြထားတာဖြစ်ပါတယ်။



0 comments:

Post a Comment