Wednesday, October 11, 2017

မဟာသေနာပတိ (ချစ်ဦးညို)

    
      မဟာသေနာပတိတဲ့။ မဖတ်ခင် စစ်သူကြီးမဟာဗန္ဓုလလို့စာအုပ်နာမည်မပေးပဲ ဘာလို့ မဟာသေနာပတိလို့ နာမည်ပေးပါလိမ့် ကျွန်တော်စဉ်းစားတယ်။ နောက် စာအုပ်ကို ဖတ်ကြည့်တယ်။ ပထမပိုင်းတွေမှာ နားမလည်ပါဘူး။ မဟာသေနာပတိလို့ ခေါ်စရာလဲ မတွေ့ခဲ့ဘူး။ ရဲစွမ်းသတ္တိရှိတဲ့ ယောကျာ်းကောင်းတစ်ယောက်လို့ပဲ မြင်မိခဲ့တယ်။ ဒီလိုနဲ့တဖြည်းဖြည်းဖတ်ရင်းဖတ်ရင်း နားလည်လာတာက ကျွန်တော်သိတဲ့ ရဲရင့်တဲ့၊ စစ်ရေးပညာရပ်မှာ ထက်မြက်တဲ့ စစ်သူကြီးတစ်ယောက်ဆိုတာကနေ တကယ်ကို စစ်ရေးစစ်ရာမှာ ကျွမ်းကျင်မှုရှိပြီး၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ မွေးဖွားလာသူ၊ သူဟာ စစ်သည်တစ်ယောက်မဟုတ်၊ မဟာသေနာပတိ။ ဟုတ်သည်။ စစ်ရေးဗျူဟာနိုင်နင်းသော၊ နယ်မြေဒေသတိုင်းကို ကျွမ်းကျင်သော မဟာသေနာပတိကြီးဖြစ်သည်။ စစ်သူကြီးမဟာဗန္ဓုလအကြောင်းကို Wikipedia မှာ ဖတ်ချင်ရင်တော့ https://en.wikipedia.org/wiki/Maha_Bandula မှာ ဖတ်လို့ရပါတယ်။


      ကဲပါ။ စာအုပ်တစ်ကယ်ကောင်းကြောင်းတော့ ညွှန်းပြီးပြီ။ မညွှန်းလဲ ဆရာချစ်ဦးညိုရေးထားတာမို့ ကောင်းမယ်မှန်း လူတိုင်းသိပြီးသားပါ။ ဒါပေမယ့် ဘယ်လိုကောင်းတယ်ဆိုတာတော့ ဖတ်ကြည့်စေချင်တယ်ဗျာ။

     ဖတ်ရင်းနဲ့ ဟာသလေးတစ်ခုတွေးမိသေးတယ်ဗျ။ မောင်ရစ်ဆိုတာကို မင်းတရားကြီး သတိထားမိဖို့ အကြောင်းပြချက်မရှိပဲ ရှေ့ကလူကို ထထောင်းလိုက်တာကို အရင်က သိပေမယ့် မသုံးခဲ့ဘူးတာကို သတိရတယ်။ ခုကစ အလုပ်ခွင်မှာ အဲ့လို ထထောင်းလိုက်ရင် ကောင်းမလား စဉ်းစားမိသေးတယ်ဗျ။



Download Here

0 comments:

Post a Comment